လူထူရာအရပ်မှာ
အူယားဖားလျား
ပြေးတတ်လာတတ်သော
ဟန်ဆောင်ယဉ်ကျေးမှု
အစွယ်ငေါငေါနဲ့မို့
မကြည့်လည်း
မြင်ရမယ်
မရယ်ချင်လည်း
ရယ်ရမယ်
အမှားကြာ
အမှန်ဖြစ် ခေါင်းစီးအောက်
သိမ်မွေ့စွာ၊
ကြမ်းတမ်းစွာ၊ လိုက်လျောညီထွေဖြစ်စွာ
ကျွန်တော်တို့ရောက်ရှိခဲ့ပြီ
စနစ်တကျ မှားယွင်းနေမှုများ
လိမ့်ကျလုလု
ချောက်ကမ်းပါးထိပ်က အိပ်မက်များ
ကမူးရူးထိုးမော့သောက်ခဲ့ရတဲ့
ရဲတင်းစိတ်များ
သံသရာ ကြိုးလျော့ချိန်
လွမ်းခန်းဟာ
တိမ်တောက်ဆဲ
အစာဝရင် မျက်ရည်ကျတတ်တဲ့
မိကျောင်းအပေါ်
သနားစိတ်
ဝင်သူများရဲ့လောက
ကျွန်ုပ်တို့
ဖွဲ့စည်းခဲ့ပါတယ်။
မိုးဦးဆွေညိန်း
၂၀၀၄ {ပိတောက်ပွင့်သစ် (၂၀၁၀) }
No comments:
Post a Comment