31 January 2014

မမေ့နိုင်စရာ ဥရောပနဲ့ ကြိုးနီ စနစ်လျော့ချမှု လေ့လာရေး

၂၀၁၃ ခုနှစ် နိုဝင်ဘာလ မှာ အလုပ်က တာဝန်ပေးချက်အရ ဥရောပ နှင့် အင်္ဂလန် သို့ နှစ်ပတ်တာ ခရီးထွက်ခဲ့ရတယ်။ ဆရာ သွားရမယ့် ခရီးစဉ်မှာ ဆရာက အရေးပေါ်ကိစ္စပေါ်လာတာနဲ့ ကိုယ်က ပါသွားရတယ်။ သာမန် နိုင်ငံကူးလက်မှတ် (အနီ) ကိုင်ဆောင်ထားတဲ့ ကိုယ်နဲ့ အပြာရောင် သံတမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ သုံးဦး အတွက် ဗီဇာ လိုက်လျှောက်ရပါတော့တယ်။ တသက် မမေ့နိုင်စရာ စိတ်ဖိစီးမှုများတဲ့ ရက်သတ္တပတ်ပါပဲ။