05 January 2016

ပျင်းလွန်းလို့....



လုပ်နေကျ အလုပ်ကို..... ခဏလေး နားလိုက်တော့

ဟုတ်သလိုလိုနဲ့....  တကယ်တော့ မဟုတ်ဘူး..။

ပျင်းလိုက်တာ....မှ

ပျင်းတာကို ပျင်းတယ်ပြောရမှာတောင် ပျင်းတယ်ဆိုသလိုပဲ...

ဒီလိုနဲ့ပဲ အတွေးက ဆက်သွားလိုက်တာ....

ဘာလုပ်ချင် ညာလုပ်ချင်ဆိုတဲ့ ဘဝရည်မှန်းချက်ကြီးတွေကို ရောက်သွားရော...။

အဲ့တာနဲ့ ညီမဝမ်းကွဲလေး ငယ်ငယ်ကပြောတာ သတိရမိပြီး ပြုံးမိတယ်။

သူတို့မောင်နှမနှစ်ယောက်.. ဇော်ဇော်အောင်က အကြီး.. ပပ က အငယ်မ။

ဇော်ဇော် ကြီးလာရင် ဘာလုပ်မလဲ ဆိုပြီး အဖေ က ကိုယ်တွေ့ရှေ့မှ မေးပြတယ်။

ကလေးက ဆရာဝန် အင်ဂျင်နီယာ စသဖြင့်ပြောတာပေါ့....။

အဲ့တာနဲ့ ကိုယ်က ပပ.. သမီး ကရောဆိုတော့...

ဘာမှ မလုပ်ဘူးတဲ့...။ ကိုယ်ကလည်း အံ့သြသွားတယ်..။ မိုက်လှချည်လားပေါ့..

ဒါနဲ့ ဆက်မေးတယ်... ဒါဆို ကြီးလာရင် ဘယ်လိုလုပ် ထမင်းစားမလဲဆိုတော့..

ကိုကို က အလုပ် လုပ်လိမ့်မယ်တဲ့.. ကိုကို ကျွေးလိမ့်မယ်တဲ့...

ကောင်းရော။