23 September 2013

စက်တင်ဘာ ၂၀၁၃

စက်တင်ဘာ က  
နာကျင်စရာတွေ ကို
ယူပေးတယ် လို့ ကိုယ်ကပြောတော့....
မဟုတ်ရပါဘူးတဲ့...။
တကယ်တော့ 
သြဂုတ်က လက်ဆင့်ကမ်းလိုက်တာတဲ့...။
ဘာပဲပြောပြော ကိုယ်နာကျင်နေရပါတယ်...။
အချစ်ဆုံး က ဒီတနှစ်လုံး
အပြောအများဆုံး စကားလုံးက...
တကယ်ချစ်တာလား မင်းပြန်စဉ်းစားတဲ့။
တကယ် ချစ်တာလား ဆိုတာ
မေးတိုင်းဖြေနေရမယ့် မေးခွန်းလားကွယ်
အဖြေမရှိခဲ့ပါဘူး......
ဒီမေးခွန်းကို မေးရလောက်အောင်
ဖြစ်ခဲ့တယ်ဆိုရင် ကိုယ် မင်းကို မချစ်ခဲ့ဘူးလို့ပဲ
မှတ်ထားလိုက်ရအောင်.....
ဒါဆို မင်း ကျေနပ်မှာလား။