18 April 2020

ကိုယ့်အတွက် ကိုယ်တောင်းတဲ့ နှစ်သစ်ဆုတောင်း

ကိုဗစ်-၁၉ ကာလမှာ ဧပြီလ ၈ ရက်နေ့လောက်ကစလို့ အိမ်ကနေ အလုပ် လုပ်ဖြစ်ပါတယ်။ အတက်နေ့ တစ်ရက်ပဲ ပျင်းလိုက်တာလို့ ဖြစ်မိပြီး တစ်ရက်ပြီး တစ်ရက် အချိန် ကုန်မှန်းမသိအောင် အလုပ်များပါတယ်။ ကြားချိန်လေးတွေမှာတော့ လျှောက်ပွား၊ သူငယ်ချင်းတွေနဲ့ ဗွီဒီယိုပြောကြနဲ့ ည အထိ အလုပ် လုပ်ဖြစ်တယ်။ ဖတ်ချင်ပြီး မဖတ်ဖြစ်သေးတဲ့ စာအုပ်တွေလည်း ဖတ်ရင်း ဆရာတာရဲ့ စိတ်ရွှင်လန်းစေသော စကြာ ကိုဖတ်ဖြစ်တယ်။ စိတ်မနော ရွှင်လန်းစေအောင် ဘီးစကြာ ဆောင်တဲ့။ မန္ဒလ ဆိုတဲ့ စက်ဝိုင်းပေါ့။ လျှို့ဝှက်တဲ့ စက်ဝိုင်းပုံရှိတယ်တဲ့။ အဲ့ဒီ ဘီးစကြာက အဝိုင်းအဝန်းတွေ လည်နေတာ။ အဲ့ဒီဘီးလေးတွေ တပြိုက်နက်တည်းလည်နေသတဲ့လေ။ ဆရာတာက လောက သို့ဝင်ခြင်း ဟာ ဗဟိုပုံတောင်း ဖြစ်ပြီးတော့ သတိရှိအောင် အားထုတ်ခြင်း က ပထမ အဝန်း၊ မိသားစုက ၊ အလုပ် ၊ နိုင်ငံအရေး နဲ့ သဘာဝပတ်ဝန်းကျင် တို့က ဒုတိယအဝန်းထဲမှာ ပါတယ်။ ကြင်နာခြင်းဖြင့် ကိစ္စများဆောင်ရွက်ခြင်း၊ နည်းလမ်းသစ်များရှာခြင်း၊ ကိစ္စများမြောင်ကြားမှာ သက်တောင့် သက်သာရှိခြင်း နဲ့ စိတ်ရွှင်လန်းမှုကို အများကို မျှခြင်း ကတော့ တတိယအဝန်းမှာပါ ပါသတဲ့။ အဲ့ဒီ အဝန်းလေးတွေ တပြိုင်တည်းလည်မှ စိတ်ရွှင်လန်းချမ်းသာသတဲ့။ လည်နေအောင် ကျင့်ကြံအားထုတ်ရမယ်တဲ့။ ကရုဏာလည်းထားပါလို့ပြောတယ်။ ဉာဏ်ပညာ အမြော်အမြင်နဲ့ ကရုဏာဟာ ကျင့်ရမယ့်တရားတွေ။ ကျင့်မယ်၊ အကျိုးဆောင်မယ်၊ လေ့လာဆည်းပူးမယ်။ ကရုဏာလေးလည်း ထားပေးရမယ်တဲ့။ ကိုယ့်ကိုကိုယ် သုံးသပ်တော့ အဝိုင်းတွေ တပြိုက်နက်တည်း လည်မနေဘူး။ အဲ့ဒီတော့ ကိစ္စများမြောင်မှာ သက်တောင့် သက်သာမရှိ။ ခံစားလိုက်၊ စိတ်တိုလိုက်နဲ့ပေါ့။ တိုတိုပြောရရင် သတိမရှိဘူးပေါ့။ နှစ်သစ်မှာတော့ သတိပိုထားဖို့ ကြိုးစားရမယ် လို့မှတ်တယ်။ မုဒိတာလေးလည်း ထည့်ရမယ်။ အောက်စဖို့ဆရာတော်ပြောတာ.... ဒေါသထွက်တာ မုဒိတာမပါလို့တဲ့။ သတိ၊ ကရုဏာနဲ့ မုဒိတာပိုထည့် နိုင်တဲ့ သတိရှိတဲ့သူ ဖြစ်အောင် ကြိုးစားနိုင်တဲ့သူသာ ဖြစ်ရလိုတယ်။

No comments:

Post a Comment