21 April 2021

ကြေမွသွားသော အိပ်မက်များ

အိပ်မက်တွေ ကြေမွသွားလား... အိပ်မက်တွေကရော ရှိနေခဲ့လား။ မသေချာ မရေရာနဲ့ တွေးမိတယ်။ ခံစားချက်တွေ ပြင်းထန်လာလိုက်တာ၊ မချစ်တာ၊ မကြိုက်တာ၊ မကျေနပ်တာ၊ မရောင့်ရဲ မတင်းတိမ်တာနဲ့ပဲ ဧပြီဟာ ပြီးဆုံးတော့မယ်။ မေမှာ ပြန်လည်နိုးထမယ်... အိပ်မက် အပိုင်းအစတွေကို ပြန်ဆုတ်ကိုင်ပြီးတော့ပေါ့။ လမ်းချင်းမတူ လို့ မတွေ့လည်း တယောက်တည်း လျှောက်တတ်နေပါပြီ... အားလုံး ပန်းတိုင်က တူတူပဲလေ။ ၂၀၂၁ ဧပြီလ ၂၁ ရက်